logo

Welcome To Learn Router

အခမဲ့ Course များလေ့လာနိုင်ရန်အတွက်အခုဘဲအကောင့်ဖွင့်လိုက်ပါ

Digital Marketingကို Self Study လုပ်လို့ရမယ့် Website သုံးခု

Published on 8 months ago

Digital Marketing သည်ယနေ့ခေတ်စီးပွားရေးအခင်းအကျင်းတွင်အရေးပါသောအခန်းကဏ္ဍမှတစ်ခုဖြစ်သည်။အကယ်၍သင်သည်ကျောင်းသားတစ်ဦးဖြစ်စေ၊စွန့်ဦးတီထွင်သူတစ်ဦးဖြစ်စေ ယနေ့ခေတ်မှာ Digital Marketing ကိုလေ့လာထားသင့်သည်။သင့်အနေနဲ့ Digital Marketing ကိုအခမဲ့လေ့လာနိုင်မည့် အွန်လိုင်းပလက်ဖောင်းတွေကိုရှာဖွေနေတယ်ဆိုရင်တော့ဒီပိုစ့်မှာ Digital Marketing အတွက် website(၃)ခုကိုဖော်ပြပေးချင်ပါတယ်။

 

1. Google Digital Garage

 

Google Digital Garage သည် Digital Marketing ဆိုင်ရာကဏ္ဍပေါင်းစုံအတွက် အခမဲ့အွန်လိုင်းသင်တန်းများကိုပေးဆောင်သည့်platformတစ်ခုဖြစ်သည်။ဒီသင်တန်းမှာတော့search engine optimization (SEO)ကိုပိုမိုကောင်းမွန်လာအောင်ပြုလုပ်ခြင်း၊content marketing, socialmedia marketingနှင့်အပြင်တခြားသောအကြောင်းအရာများလဲပါဝင်ပါသည်။beginnersအဆင့်မှadvanced levelသို့ရောက်ရှိစေရန်ရည်ရွယ်ထားတာကိုလဲတွေ့ရပါတယ်။Coursesတွေပြီးဆုံးသွားပါက

Certificate လည်းလျှောက်လို့ရမှာဖြစ်ပါတယ်။

 

https://grow.google/intl/uk

 

2. HubSpot Academy

 

 HubSpot Academyသည်digital marketingသင်ယူခြင်းအတွက်အကောင်းဆုံးသောresourceတစ်ခုဖြစ်သည်။HubSpot မှာ nbound marketing, email marketing, SEOနှင့်ဆိုင်သော free courses များစွာရှိသည်။ဒီcoursesတွေကို interactive lessons, practical exercisesနှင့်အခြားသောအကြောင်းအရာများဖြင့်ရေးဆွဲထားပါတယ်။HubSpot Academy ရဲ့coursesတွေကို

Digital Marketingကိုအခုမှစတင်ပြီးလေ့လာမဲ့သူတွေပါသင်ယူလို့ရအောင်လုပ်ပေးထားတာကြောင့်ဘယ်levelမဆိုအလွယ်တကူသင်ကြားဖို့အတွက်သင့်လျော်ပါတယ်၊၊

 

https://academy.hubspot.com

 

3. Moz Academy

 

 Moz Academy မှာ paidပေးရသောcoursesတွေရှိသော်လည်းSEO, link building, keyword researchအခြားမရှိမဖြစ်လိုအပ်သောdigital marketing strategiesအကြောင်းကိုပိုမိုပြီးသိမြင်စေနိုင်မည့်free coursesတွေလည်းပါ၀င်၀င်ပါတယ်။

 

https://academy.moz.com

Powered by Froala Editor


📌 Computer Basic,Programming,Networking, Software, Hardware, Languages တို့နဲ့သက်ဆိုင်တဲ့ Free Resources များ၊ Free Book, Youtube Channel များ ကို Facebook Page နဲ့ Website တို့မှာ Sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက် Like & Follow လုပ်ထားဖို့မမေ့နဲ့နော်။

https://www.facebook.com/learnrouter
📌 Learn Router ရဲ့ Website မှာလည်း အကောင့် Register လုပ်ပြီး ကိုယ်လေ့လာချင်တဲ့ Learning Resources တွေဝင်ရောက် ရှာဖွေနိုင်ပါတယ်ခင်ဗျာ။ 👇👇👇

https://learnroutermm.com

#LearningResourcesSharing
#LearnRouter

Love (3)
Share

Discussion (0)

About Website

Learn Router ဆိုတာ Computerဘာသာရပ် နိုင်ငံခြားဘာသာရပ်များအပြင် လူငယ်များအတွက် အခမဲ့လေ့လာလို့ရမယ့် Resources များ Free Book,Youtube Channel များကို နေ့စဥ် Sharing လုပ်သွားပေးမယ့် Learning Resources Sharing Platform တစ်ခုဘဲဖြစ်ပါတယ်။

Quick Links

Gallery